လမ်းမတော် နိုဝင်ဘာ ၂၀
ဒီဇင်ဘာလတွင် ကျင်းပမည့် 6th India CLMV (Cambodia, Lao PDR, Myanmar and Vietnam) Business Conclave and Exhibition: Building Bridges for Constructive Development အတွက် အိန္ဒိယစက်မှု လုပ်ငန်း များအဖွဲ့ချုပ် (Confederation of Indian Industry-CII) မှ တာဝန်ရှိသူများသည် ယမန်နေ့၌ ကုန်သည် စက်မှု အသင်းချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဦးမျိုးသန့်၊ ဒေါက်တာဝင်းစည်သူ၊ ဗဟို အလုပ်အမှုဆောင် ဦးမင်းသိန်း တို့နှင့် အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် Virtual Exhibition အဖြစ် ကျင်းပပြုလုပ်မည့် 6th India CLMV Business Conclave and Exhibition: Building Bridges for Constructive Development အား CII နှင့် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနတို့မှ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ Conference တွင် ပါဝင်တက်ရောက် နိုင်ရေးနှင့် Exhibition တွင် ပါဝင်ပြသနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ Exhibition တွင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ သယ်ယူ ပို့ဆောင်ရေး၊ ကျန်းမာရေးနှင့်ဆေးဝါး၊ နည်းပညာနှင့်ပညာရေး အစရှိသည့် ကဏ္ဍများမှ ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများအား အိန္ဒိယနိုင်ငံနှင့် CLMV နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီ ယက်နမ်နိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများမှ ဝင်ရောက်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့် (လမ်းမတော်-ပြန်/ဆက်)