ရွှေတောင် သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.မ.က(မင်းတဲကျောင်း)ရှိ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လေ့လာရေးလာရောက်ခဲ့ကြသည်။
ရှေးဦးစွာ လေ့လာရေးလာရောက်သော မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးအကြောင်းအရာများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာဟောပြောခဲ့ပြီး စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူးများအား စာကြည့်တိုက်လှုပ်ရှားမှုအနေဖြင့် ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "သစ်ကောက်ပင်နှင့် သစ်ဖြောင့်ပင်" စက္ကူပြဇာတ်ပုံပြင်နှင့် ဒေါ်ရွှေဝတ်ရည်တိုးက "ကဒုကဒိတ်ကဒေါ့ကဒတ်" ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်များအသီးသီးပြောပြခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)