မင်းလှမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

မင်းလှ(ပဲခူး)   နိုဝင်ဘာ  ၂၀ 


ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ နံနက်ပိုင်းကဈေးများ၊ လူသွားလာမှုများပြားသည့် လမ်းထိပ်များတွင် Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။
Mask Campaign ဆောင်ရွက်မှုတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီဝင်များ ပူးပေါင်းပါဝင်လျက် ဈေးများအတွင်း ဈေးရောင်းချသူ များကို Mask နှာခေါင်းစည်းနှင့် Face Shield ဝေငှ၍ မဖြစ်မနေတပ်ဆင်စေခြင်း၊ ဈေးဝယ်သူ များအား Mask နှာခေါင်းစည်းဝေငှပေးခြင်းနှင့်လူသွားလာမှု များပြားသည့် လမ်းဆုံလမ်းထောင့် နေရာများတွင် လမ်းသွားလမ်းလာများကို Mask နှာခေါင်းစည်း ဝေငှပေးခြင်းတို့ဖြင့် စုစုပေါင်း Mask (၂၅၀၀)ခု၊ Face Shield(၂၀၀)ခုဖြန့်ဝေခဲ့သည်။
ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို Hand Speaker ဖြင့် ကြေညာပေးခြင်း၊ ဆောင်းဘောက်(စ်)ဖြင့်ဖွင့်လှစ်၍ အသိပညာပေးခြင်း များကို လည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပေါက်စ မင်းလှ