နတ်တလင်း နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက် လာသော နေရပ်ပြန်များသည် သတ်မှတ်ထားသည့် Quarantine များသို့ ရောက်ရှိသည့်နေ့မှ (၃)ရက်မြောက် နေ့တွင် Test kit ဖြင့်စစ်ဆေး၍ ရောဂါပိုးတွေ့ရှိပါက မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသခံယူရမည်ဖြစ်ကြောင်း သိရသည်။
ဆေးကုသပြီးစီး၍ ရောဂါပျောက်ကင်းသွားပါက မိမိတို့၏နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည် မဟုတ်ဘဲ မူလနေထိုင်ရာ Quarantine စခန်းများတွင် ဆက်လက်နေထိုင်သွားရမည်ဖြစ်ပြီး Swab Test စစ်ဆေးခြင်းကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Swab Test စစ်ဆေး၍ ရောဂါပိုးကင်းစင်ကြောင်းအဖြေထွက်ရှိမှသာ မိမိတို့၏နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ နတ်တလင်းမြို့နယ်အတွင်းမြို့ပေါ်တွင် Quarantine စခန်းကို ရတနာပုံမန္တလေးဘုန်းတော်ကြီးကျောင်းတိုက်နှင့် သကျမဟာမြတ်မုနိဘုရားကြီး ဓမ္မာရုံ တို့တွင် ပြုလုပ်ထားပြီး နိုဝင်ဘာ ၁၉ ရက်နေ့အထိပြည်ပနှင့်ပြည်တွင်းပြန် (၁၅)ဦး ထားရှိ၍ ကျေးရွာအုပ်စုအသီးသီးရှိ Quarantine စခန်းများတွင် ပြည်တွင်းပြန် (၁၅၂)ဦး ထားရှိကြောင်း သိရသည်။
ဝင်းမြင့် (နတ်တလင်း)