မြောင် မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မြောင်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကကြီးမှူး၍ မတ်လ(၂၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြောင်မြို့နယ် ဆင်ဂေါင်းတောင် ပေါ်ရှိ စိုက်ကွင်းအမှတ် ၂/၂၀၂ဝ တစ်အုပ်တစ်မ(၂၀၀၀)ပင်စိုက်ခင်းတွင် ရေလောင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးခြင်းသို့ စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ထွန်း၊ မြို့နယ် စီမံခန့်ခွဲမှုကော်တီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့နယ်အပူပိုင်း စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တမာ(၁၀၀)ပင်၊ မယ်ဇလီ(၁၀၀)ပင်တို့အား ရေလောင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
တင်ကိုကို(မြောင်)