အလုံ နိုဝင်ဘာ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာကန့်သတ် စောင့်ကြည့် နေရာရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယမန်နေ့က ထမင်းဘူးများ၊ မုန့်များနှင့် အလှူငွေများလာ ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် ငုဝါလမ်း နေ ဒေါ်တင်ကြည် မှ (၈၂) နှစ်ပြည့်မွေးနေ့အလှူအဖြစ် ဒန်ပေါက်ဘူး (၁၂၀)ဘူး စောနောက်ရပ်ကွက်၊ မိုးကောင်းဝင်းနေ စေတနာရှင် သူငယ်ချင်းနှစ်ဦးမှ နေ့လည်စာနှင့်ညနေ စာထမင်းဗူး (၁၂၀) ၊ ကောင်းအမှတ်တံဆိပ် မုန့်တိုက်မှ ပဲကိတ် (၁၂၀)ခု၊ လွပ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျ လမ်းနေ ဦးရန်ပိုင်စိုးနှင့် ဒေါ်သန်းသန်းဝင်းမိသားစုမှ အလှူငွေကျပ် (၅၀၀၀၀) တို့ကိုလာရောက် လှူဒါန်းခဲ့ ရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ ကြောင်းသိရ သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ များကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ စေတနာရှင် အလှူရှင်များ အနေဖြင့် စားသောက်ဖွယ်ရာ များကို လှူဒါန်းနိုင်ပြီး တစ်ဦးအတွက် တနေ့တာ စားစရိတ် ၅၀၀၀ကျပ်ဖြင့် ငွေသားလှူဒါန်း နိုင်သလို၊ မိမိအစဉ်အစီဖြင့် လည်း ထမင်းဘူးများ၊စားသောက်ဖွယ်များကို လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
တင်တင်ချို(အလုံ)