မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေးကော်မတီမှ လမ်းစနစ် တပ်ဆင်ထားသည့် မီးပွိုင့်၏ Second Timing ပေးမှုနှင့် လျှပ်စစ်မီးတိုင် ပြောင်းရွေ့ရေးကိစ္စရပ်များအား ကွင်းဆင်း ကြည့်ရှု

မြောက်ဥက္ကလာပ    နိုဝင်ဘာ  ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ လမ်းစနစ် တပ်ဆင်ထားသည့် မီးပွိုင်၏ Second Timing ပေးမှုနှင့် လျှပ်စစ်မီးတိုင် ပြောင်းရွေ့ရေးကိစ္စရပ်များကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဦးအောင်မင်းနှင့် တာဝန်ရှိသူများက ကျောက်ရေတွင်း တံတားသို့ ပြန်ကွေ့တက်ရန်  ပြုလုပ်ထားသော လမ်းစနစ် တပ်ဆင် ထားသည့် မီးပွိုင်၏ Second Timing ပေးမှု၊ မြောက်ဥက္ကလာပအဝိုင်း ဥက္ကလာသီရိ ပန်းခြံရှေ့ Public Car Parking ပြုလုပ်နေသောနေရာရှိ မလွတ်ကင်းသည့် လျှပ်စစ်မီးတိုင် ပြောင်းရွေ့ရေး ကိစ္စရပ်များအား အများပြည်သူအသုံးပြုရာတွင် အားနည်းချက် အနည်းပါးဆုံး ဖြစ်စေရေး၊ အဆင်ပြေမှု ဖြစ်စေရေးအတွက် လမ်းတံတား အင်ဂျင်နီယာ ဦးဝဏ္ဏဝင်းနှင့် Operation Area တွင် လက်တွေ့ ကွင်းဆင်းခဲ့ပြီး လိုအပ်ချက်များကို အကြံပြုပြောကြား ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)