ဒဂုံ နိုဝင်ဘာ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပြည်သူများသား၊ ငါးနှင့်အသီး အနှံ သန့်ရှင်း လတ်ဆတ်ပြီး ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု ဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းတို့က ယနေ့နံနက်၇နာရီ ကယောမင်း ကြီးရပ်ကွက်၌ မော်တော်ယာဉ်(၉)စီးဖြင့် စတုတ္ထအကြိမ် လာရောက် ရောင်းချပေးကြောင်း သိရသည်။
ရောင်းချပေးရာတွင်လည်း စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ်မှ ဦးမျိုးသန့်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးသိန်းဦးနှင့် ဝန်ထမ်းများက ကြီးကြပ်ပေးပြီး ကျန်းမာရေးနှင့် ညီညွတ်သော အသား၊ ငါး၊ ပင်လယ်စာ၊ အသီးအရွက်များနှင့် အခြေခံစားသောက်ကုန်များကို ဝယ်ယူသူအဆင်ပြေစေရန် ဈေးတင် ရောင်းချခြင်း မရှိဘဲ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန် ရောင်းချပေးကြောင်းကို မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဌထံမှ သိရသည်။ စားသောက်ကုန်များရောင်းချရာတွင်လည်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)