လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ စာရေးဆရာကြီး(၁၅) ဦးအား အခြေခံစားသုံးကုန်များ ထောက်ပံ့ လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်းနိုဝင်ဘာလ  ၂၀

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ စာရေးဆရာကြီး (၁၅)ဦး အား ကိုဗစ်၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသုံးကုန်များကို မလဲ့လဲ့သိန်း နှင့်ညီအမ များ (သာကေတမြို့နယ်)မှ   ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာ အသင်းရုံးတွင် လာရောက် လှူဒါန်းသည်။

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ စာရေးဆရာကြီး တစ်ဦးလျှင်  ပေါ်ဆန်းမွှေး ဆန်()ပြည်၊ ယိုးဒယာ ပဲပိစပ်ဆီ()ဘူး ၊ကြက်သွန်နီ (၅၀)သား၊ ငါးသေတ္တာ()ဘူး ၊ကြာဇံ()ထုပ် ရှူးရှဲလက်ဖက် (၁၀)ထုပ် ၊ကြက်ဥ(၁၀)လုံး အစရှိသည့် တန်ဖိုးကျပ် (၁၂၂၀၀)ကျပ်နှင့် ညီမျှသော အခြေခံစားသုံးကုန်() မျိုး တို့ကို စာရေးဆရာကြီး(၁၅)ဦးအတွက် လှူဒါန်းပေးအပ်သည်။

အဆိုပါ လှူဒါန်းပေးအပ်ရာတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမ အိမ့်ခေတ်မှူးမှ အဖွင့် မုဒိတာ စကားပြောကြားခဲ့ပြီး စာရေးဆရာပန်းချီဇာတိမှ အလှူရှင်မိသားစုအား  ကာလတန်ဖိုး သုံးသိန်းနှင့် ညီမျှသော ပန်းချီကားတစ်ချပ်အား ပြန်လည်လက်ဆောင်ပေးအပ်ခဲ့သည်။ ထို့နောက် အလှူရှင်မိသားစုမှ ဝမ်းသာ ပီတိစကားပြောကြားခဲ့ပြီး စာရေးဆရာကြီးများကိုယ်စား ဆရာကြီး အောင်မြေဆန်းဝင်းက ကျေးဇူးတင် စကားပြောကြားကာ  မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌမှ အလှူရှင်များ အား ဂုဏ်ပြု မှတ်တမ်း နှင့် စာအုပ်လက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)