မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာသစ်(၈)ဦး ထပ်မံတွေ့ရှိ

မိုးညို   နို၀င်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာသစ် ()ဦး ထပ်မံတွေ့ရှိကြောင်းသိရသည်။

မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နို၀င်ဘာ ၁၈ ရက်နေ့တွင် စောင့်ကြည့်လူနာ()ဦး၊ ပြည်ပမှ ပြန်လာသူ (၁၀)ဦး၊ Stay at Home မြို့နယ်များမှပြန်လာသူ (၇၈)ဦးနှင့် ပိုးတွေ့ရှိသူများနှင့် ထိတွေ့သူ()ဦး၊ စုစုပေါင်း (၉၃)ဦးတို့ ၏ ဓါတ်ခွဲလူနာများ အနက်မှ ()ဦးတွင် SAR CoV2 Detected (ပိုးတွေ့ရှိ)ကြောင်း သိ ရသည်။

မိုးညိုမြို့နယ်တွင် ပိုးတွေ့လူနာစုစုပေါင်း(၈၃)ဦး ရှိပြီဖြစ်သည့်အတွက် အလွန်အရေးကြီးသည့် အခြေအနေ ရှိကြောင်း၊ နယ်နိမိတ်ထိစပ်မြို့နယ်များတွင်လည်း မြို့နယ်တွင်း ကူးစက်မှုများတွေ့ နေရသဖြင့် အထူးသတိ ထားရမည့် အချိန်ကာလ  ဖြစ်ကြောင်း ၊မိမိချစ်သောမိသားစု၊မိမိရပ်ကွက်၊ မိမိကျေးရွာ၊   မိမိမြို့နယ်ကို ဘေးဒုက္ခ မရောက်ရှိစေရန် မိမိကိုယ်တိုင် ကာကွယ် ရမည်ဖြစ်ကြောင်း၊ လူစုဝေးခြင်း လုံး၀ မပြုလုပ်ကြရန်၊ တက်နိုင်သမျှ မိမိအိမ်တွင်သာနေထိုင်ကြရန်၊ လိုအပ်၍ အပြင်ထွက်ပါက Mask ကို စနစ် တကျတပ်ဆင်ကြရန် လက်ကို မကြာခဏ ဆေးကြောရန်စသည်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါအား ကာကွယ်နိုင်မည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုမင်း(မိုးညို)