ပြည် သြဂုတ်၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့(မူယာပင်)အခြေခံပညာအထက်တန်းကျောင်းသို့ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်သည်။
ရှေးဦးစွာ ပြည်ခရိုင်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက စာဖတ်ရှိန်မြင့်တင်ရေးအနေဖြင့် အတတ်ပညာအပြင် အသိပညာရရှိစေဖို့ "လူငယ်တိုင်း စာဖတ်ကြပါစို့" ခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးပြီး ပြည်မြို့နယ်စာရေးဆရာအသင်းနာယက စာရေးဆရာမောင်စိန်းလန်း(ပြည်)က "စံပယ်ပန်းကလေးများလန်းစေချင်" ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအားဟောပြောသည်။
ထို့နောက်ကျောင်းသား၊ ကျောင်းသူများအားဗဟုသုတဖြစ်ဖွယ် မူးယစ်ဆေးဝါးနံရံကပ်စာစောင်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစုံလင်သော ဗဟုသုတဖြစ်ဖွယ်စာအုပ်များကို လေ့လာဖတ်ရှုစေခဲ့ကြောင်းသိရသည်။
ကိုစိုး(ပြည်)