အလုံ နိုဝင်ဘာ ၂၀
အလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ ဈေးနှုန်းသက်သာ စွာ ဖြင့် စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်ရေးအတွက် ဈေးရောင်းကား(၈)စီးဖြင့် ယမန်နေ့ နံနက်(၇) အချိန်က စတင် ကာ လာရောက် ရောင်းချ ပေးခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန် သည်များ နှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ပူးပေါင်း၍ အလုံမြို့နယ်အတွင်း နေထိုင်သော ပြည်သူ များ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဈေးရောင်းကား (၈)စီးဖြင့် သန့်ရှင်း လတ်ဆတ်သော ဟင်းသီး ဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥ ၊ဆီ နှင့် အခြားစားသောက်ကုန်များ ရောင်းချပေး ခဲ့သည်။
အဆိုပါ Mobile စျေးကား (၈)စီးဖြင့် ကွင်းကျောင်းလမ်း၊ ကရက်ခြံရပ်ကွက်၊ စည်ပင် ကွန်တိန်နာဝင်း စသည့်နေရာ(၃)နေရာတို့တွင် ရောင်းချပေးခဲ့ကြောင်းသိရှိရပြီး စနစ်တကျ ဈေးရောင်း ချနိုင်ရေးအတွက် အလုံမြို့နယ် စည်ပင် သာယာရေးကော်မတီမှ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကာ ယခုလာရောက်ရောင်းချခြင်းသည် (၃)ကြိမ်မြောက်လာရောက်ရောင်းချ ခြင်းဖြစ် ကြောင်း သိရှိရသည်။
တင်တင်ချို (အလုံ)