ပန်းတောင်း နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စျေးတွင် စျေးသည်များ၊ လူသွားလူလာ များသည့် လမ်းထိပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့် တင်ရေးနှင့် နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးများ၊ စျေးဝယ်သူများနှင့် စျေးသည်များ၊ လူသွားလူလာ ဖြတ်သန်းမှုများ သည့် လမ်းမများတွင် ပါးစပ်နှင့် နှာခေါင်းစည်း Mask များ၊ လမ်းသွားလာ ပြည်သူများနှင့် စျေးသည်များ၊ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များ၊ သိရှိလိုက်နာရမည့် အချက်များ၊ အသိ ပညာပေးပြောကြားသည်။
အဆိုပါဆောင်ရွက်မှုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်း၊ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးတို့က ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပရဟိတအဖွဲ့များ ပူးပေါင်းပါဝင်လျက် Mask များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)