စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာရှိ နှမ်းမျိုး (ရိုးရိုးရှပ်ဖြူ) စံကွက်ရိတ်သိမ်းခြင်း လက်တွေ့ ပြုလုပ် ဆောင်ရွက်

စစ်ကိုင်း နိုဝင်ဘာ ၂၀

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အုန်းတောစခန်းတာဝန်ခံ၊ တဲကြီးမြို့မ စခန်းတာဝန်ခံများနှင့် စိုက် ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာရှိ နှန်းမျိုး (ရိုးရိုးရှပ်ဖြူ) စံကွက်ရိတ်သိမ်းခြင်း လက်တွေ့ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျွန်တော်တို့ဌာနအနေနဲ့  အုန်းတောကျေးရွာမှာရှိတဲ့ ကွင်းအမှတ်(၆၃၁/၁၅၂၈)၊ ဦးပိုင်အမှတ် (၂၁၅) တောင်သူ ဒေါ်တင်ရွှေရဲ့ နှမ်းစံကွက် လက်တွေ့ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း (၁၅.၉) တင်းနဲ့ ကွင်းအမှတ် (၆၃၁/၁၅၂၈)၊ ဦးပိုင်အမှတ် (၁၈၀) တောင်သူ ဒေါ်အေးမာရဲ့ နှမ်းစံကွက်မှာတော့ တစ်ဧက အထွက်နှုန်း (၁၁.၄၇) တင်း ထွက်ရှိခဲ့ပါတယ် စံချိန်မီတဲ့အထွက်နှုန်းတွေပါပဲ အခုလို ထွက်နှုန်းတွေ ကောင်းအောင်လည်း နည်းပညာတွေ အမျိုးမျိုးလက်တွေ့ပြ သပေးခဲ့ပါတယ် " ဟု မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍ သိရသည်။

ဆက်လက်၍ အဆိုပါအဖွဲ့များသည် အုန်းတောကျေးရွာရှိ ဆောင်းသီးနှံမြေပဲ၊ ပဲကြား၊ ပြောင်း စိုက်ခင်းများသို့ သွားရောက်၍ ပိုးမွှားရောဂါကျရောက်မှု အခြေအနေသိရှိစေရန်၊ ဓာတုဆေးဝါးများ မလို အပ်ပဲမသုံးစွဲကြစေရန်၊ ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရေး နညးပညာများဆင့်ပွားပေးခဲ့ကြ ကြောင်းသိရသည်။

ဇော်မြင့်နိုင်