သစ်ခွတောင်ကျေးရွာတွင် နေအိမ်နံရံ၌ တွယ်တက်စေသောနည်းဖြင့် တောင်ပေါ်ကွမ်းကြမ်းများ စမ်းသပ်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း

လိပ်သို ဩဂုတ် ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သစ်ခွတောင်ကျေးရွာတွင် နေအိမ်နံရံ၌ တောင်ပေါ်ကွမ်းကြမ်းပင်များကို တွယ်တက်စေသောနည်းဖြင့် စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။

ကျေးရွာရှိ ကွမ်းကြမ်းစိုက်တောင်သူများမှာ ကွမ်းကြမ်းပင်များကို  ဥယျာဉ်ခြံရှိ သစ်ပင်ကြီးများနှင့် အိမ်ခြံဝင်းအတွင်းရှိ သီးပင်စားပင်များပေါ်တွင်သာ စိုက်ပျိုးလာခဲ့ကြရာမှ မိသားစုအပိုဝင်ငွေများ ရရှိခဲ့သည်။

ကွမ်းကြမ်းများ ရှားပါးချိန်တွင် မိသားစု စားသုံးရန်၊ ဧည့်ဝတ်ပြုရန်အတွက် အလွယ်တကူ လတ်လတ်ဆတ်ဆတ် ဆွတ်ခူးရရှိနိုင်ရန်နှင့် မိသားစုအပိုဝင်ငွေ ရရှိနိုင်ရန်  ကွမ်းကြမ်းပင်များကို အိမ်ခြံဝင်းအတွင်းရှိ သီးပင်စားပင်များပေါ်တွင်သာမက မိမိနေထိုင်ရာ အိမ်နံရံဘေးပေါ် တွယ်တက်စေသောနည်းဖြင့် စမ်းသပ်စိုက်ပျိုးလာခဲ့ရာ ယခုလို အောင်မြင်ဖြစ်ထွန်းမှု ရရှိခဲ့ကြောင်း  စိုက်ပျိုးသူ အိမ်ရှင်ထံမှ သိရသည်။

ခင်လေးနွယ်(လိပ်သို)