နတ်တလင်း နိုဝင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလ stay at home အဖြစ်နေထိုင်ကြစဉ် ကျောင်းသား၊ ကျောင်းသူ ကလေးများ အသိပညာဗဟုသုတပြည့်ဝစေရေးနှင့် အားလပ်နေသောအချိန်တွင် ပျင်းရိခြင်း မရှိစေရေးတို့ကိုရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကဗျာရွတ်ဆိုပြသပေးခြင်း ကိုယ်လက်လှုပ်ရှား အားကစား သရုပ်ပြသပေးခြင်း စသည်များကို အွန်လိုင်းမှဆောင်ရွက်ပေးလျက်ရှိပါသည်။
အပတ်စဉ်သောကြာနေ့တိုင်း တင်ဆက်နေကြဖြစ်သော ပုံပြောခြင်း အစီအစဉ်အဖြစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရေးသားထုတ်ဝေသော “တောလည်တဲ့ညောင်ပင်လေး”ပုံပြင်ကို စာကြည့်တိုက်လက်ထောက် ၃ ဒေါ်ထားထားဦးမှ ပြောကြားပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်(နတ်တလင်း)