ဒဂုံ နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် ကင်းဝန်မင်းကြီး လမ်းတစ်လျှောက်၌ လမ်းဘေးရေ မြောင်း ပြုပြင်ခြင်းလုပ်ငန်း၊ ဗဟိုလမ်းနှင့် မြို့မကျောင်းလမ်းတစ်လျှောက် ချုံနွယ် မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေး ဌာနမှ ဦးစီးအရာရှိ ဦးကျော်အေး ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၊ မြို့တော်စည်ပင်ပန်းဥယျာဉ်ဌာနမှ တာဝန်ရှိသူ တို့နှင့် ပူးပေါင်းဆောင်ရွက် ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးခြင်းသည် မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်စေခြင်းအပြင် သစ်ပင်၊ သစ်ကိုင်းများ ဆွေးမြေ့ကျိုးကျခြင်းကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး နေ့စဉ်ခရီးသွားပြည်သူများ၊ ယာဉ်များအန္တရာယ် ကင်းရှင်းစွာ သွားလာ နိုင်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)