သဲကုန်း နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၇၈)ဦး၏ Swab နမူနာများအား (၂၇)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ FQC များတွင် စောင့်ကြည့်အဖြစ်ထားရှိသည့် ရန်ကုန်မြို့မှ ပြန်လာသူ(၅၅)ဦး၊ မြဝတီမြို့မှ ပြန်လာသူ(၁)ဦး၊ ပဲခူးမြို့မှ ပြန်လာသူ(၂)ဦး၊ မန္တလေးမြို့မှ ပြန်လာသူ(၁၂)ဦး၊ ထိုင်းနိုင်ငံမှပြန်လာသူ(၃)ဦး၊ တရုတ်နိုင်ငံမှပြန်လာသူ(၁)ဦး၊ ပိုးတွေ့လူနာနှင့် ထိစပ်ခဲ့သူ(၄)ဦး၊ စုစုပေါင်း(၇၈)ဦးတို့အား RDT test kit ဖြင့် စစ်ဆေးကာ ရလဒ်များကို စစ်ဆေးသည့် ညနေပိုင်းတွင် အမြန်ဆုံး ထုတ်ပြန်နိုင်အောင်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး Positive ထွက်ရှိသည့် လူနာများအား ပြည်သူ့ဆေးရုံသီးခြားဆောင်သို့ ခေါ်ယူ၍ ဆေးကုသမှုပေးသွားမည် ဖြစ်ကြောင်းနှင့် Negative ထွက်ရှိသောသူများ၏ ရလဒ်များကို သေချာမှုရှိစေရန် ရန်ကုန်သို့ပို့ပြီး RTPCR နည်းဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
နိုင်လင်း (သဲကုန်းပြန်/ဆက်)