ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေများလှူဒါန်း

ကျောက်တန်း နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၄၂၂) ဦး ရှိပြီဖြစ် ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Myanmar Integrated Port Limited (MIPL) ဆိပ်ကမ်းမှ  အလှူငွေကျပ်(၂၀)သိန်းကို ယမန်နေ့ ညနေပိုင်းက လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်တွင် ယနေ့ အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄၂၂)ရှိပြီး ဆေးရုံဆင်း ပျောက်ကင်း သွားသူ(၃၅၀)ဦး၊ ဆေးကုသမှုခံယူနေသူ စုစုပေါင်း (၆၅)ဦးနှင့်  သေဆုံး(၇)ဦးရှိကြောင်း သိရှိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)