ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနှင့် ကောလိယစာပေချစ်သူများ ပူးပေါင်းကျင်း၍ စာစီစာကုံးပြိုင်ပွဲကျင်းပ

ဒိုက်ဦး သြဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနှင့် ကောလိယစာပေချစ်သူများ ပူးပေါင်းကျင်းသည့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကံကော်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများ (၅၃)ဦး    ပါဝင်ယှဉ်ပြိုင်ကြပါသည်။ ပြိုင်ပွဲတွင် ခေါင်းစဉ် (၁၀)ခုပေးထားပြီး မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြစ်သော “မိုးတစ်နေ့၏စိတ်ကူးခေါင်းစဥ်"ဖြင့် ယှဥ်ပြိုင်ကြသည်။

အကောင်းဆုံးစာစီစာကုံးကို ဆုကြေးအဖြစ် ငွေကျပ် ၄၀၀၀၀/၊ ဆုတံဆိပ်၊ စာအုပ်တို့ကို အဆင့်လိုက်ဆုငါးဆုအထိ ချီးမြှင့်သွားမည်ဖြစ်ပြီး စစ်ဆေးအကဲဖြတ်မည့် ဆရာများမှာ စာရေးဆရာဏေသွေးအိမ်၊ စာရေးဆရာငြိမ်းခင်ဦး၊ စာရေးဆရာမဇင်ချိုသက်၊ စာရေးဆရာမမိုးသက်(ဒိုက်ဦး) တို့ဖြစ်ကြောင်းသိရသည် ။

မြို့နယ်(ပြန်/ဆက်)