သံတောင်ကြီးမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် Mask နှင့် Face Shield Campaign ပြုလုပ်

သံတောင်ကြီး နိုဝင်ဘာ ၂၀

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရန်၊ ဈေးရောင်းဈေးဝယ်သူများနှင့် အပြင်သွားလာသူများအား Mask နှင့် Face Shield Campaign ဆောင်ရွက်ခြင်းကို မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ရပ်ကွက်(၄) လမ်းဆုံနှင့် ဈေးဆိုင်များတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ လူတိုင်းနှာခေါင်း စည်းမဖြစ်မနေတပ်ဆင်ရန်၊ ဒေသခံပြည်သူများအနေဖြင့် အပြင်ထွက်သည့်အခါ Mask တပ်ဆင် ထားသည့် အလေ့အကျင့်များရှိစေရန် ၊ ဈေးရောင်းသူများအနေဖြင့် Mask နှင့် Face Shield    များမဖြစ်မနေ တပ်ဆင်ကြရန်အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ဈေးရောင်းသူ များ ဈေးဝယ်သူများ ခရီးသွားလာသူများအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း Mask   နှင့် Face Shield များနှင့် ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ Mask နှင့် Face Shield Campaign ပြုလုပ်ခြင်းကို သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူးဦးဝေလင်းဖြိုးနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမြို့နယ် ဆရာဝန်ဒေါက်တာစည်သူစန်းနှင့် ဝန်ထမ်းများ၊ သံတောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် သံတောင်ကြီးမြို့ အမျိုးသမီးများအဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)