အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာများအတွက် အသင့်စားသုံးနိုင်သည့် ကြာဇံကြော်ပွဲ(၁၀၀) လာရောက်လှူဒါန်း

ရန်ကုန်          နိုဝင်ဘာ        ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာများအတွက် အသင့်စားသုံးနိုင် သည့် ကြာဇံကြော်ပွဲ(၁၀၀)ကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာများ အတွက် ကိုစိုးမင်းဟန်မိသားစုနှင့် အင်းစိန်မှ သူငယ်ချင်းတစ်စုတို့မှ အသင့်စားသုံးနိုင်သည့် ကြာဇံကြော်ပွဲ (၁၀၀)ကို လှူဒါန်းရာ အင်းစိန် အထွေထွေရောဂါ ကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်

ဇွဲထက်ကို(ပြန်/ဆက်)