သံတောင်ကြီး နိုဝင်ဘာ ၂၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် အခြေခံပညာ ကျောင်းများမှ သာမန်အသုံးစရိတ်ဖြင့် ရန်ပုံငွေရရှိသည့် ကျောင်းများအနေဖြင့် ခွင့်ပြုရန်ပုံငွေ အပေါ် လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ အထက ကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် မြို့နယ်ပညာရေးမှူးက ကျောင်းအုပ်များ၊ ကျောင်းဆောက်လုပ်ရေး ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးသက်မော်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေရရှိသည့် ကျောင်းများက သတ်မှတ်ထား သည့် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ကြရန်၊ သတ်မှတ်ချိန်အတွင်း လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရန်၊ ရရှိသာမန် အသုံးစရိတ် ရန်ပုံငွေ ခေါင်းစဉ်အတိုင်း ဆောင်ရွက်ကာ လုပ်ငန်းလွှဲပြောင်းခြင်း မပြုရန် စသည်တို့ကိုပြောကြားပြီး တက်ရောက်လာသည့် ကျောင်းအုပ်များ၊ ကျောင်းဆောက်လုပ်ရေး ကော်မတီများက ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သံတောင်ကြီးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ သာမန်အသုံးစရိတ်ဖြင့် အခြေခံပညာကျောင်းများအား ခွင့်ပြုထားသည့် လုပ်ငန်းများမှာ သန့်စင်ခန်းဆောက်လုပ်ခြင်း (၂၃) ကျောင်း၊ ခြံစည်းရိုးကာရံခြင်း(၇)ကျောင်း၊ ရေကန်ဆောက်လုပ်ခြင်း (၈)ကျောင်း၊ မြေထိန်းနံရံ ပြုလုပ်ခြင်း(၃)ကျောင်း၊ လျှပ်စစ်မီးတပ်ဆင်ခြင်း (၁၇)ကျောင်း၊ ကွန်ကရစ်လမ်း ခင်းခြင်း(၅) ကျောင်း၊ ကျောင်းဝင်းတံတားဆောက်လုပ်ခြင်း (၁)ကျောင်း၊ ပြင်/ထိန်းလုပ်ငန်း (၂) ကျောင်းတို့ ခွင့်ပြုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)