ရန်ကုန် နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေ ထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသုံး ပြုနိုင်စေရန် ဒေါက်တာ ဒေါ်သန်းအေးမှ မွေးနေ့အထိမ်းအမှတ်အဖြစ် Lunch Box(70)နှင့် ဦးစိုးမင်းဟန်+ဒေါ်ဝါဝါသင်း မိသားမှ ငွေကျပ်(၂)သိန်း တို့ကိုအလှူရှင်များက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) သို့ အသီးသီး လှူဒါန်းရာ အင်းစိန် အထွေ ထွေရောဂါ ကုဆေးရုံကြီး မှ တာဝန် ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)