ပိုင်ကျုံမြို့ လော်ကော်ကျေးရွာရှိ ရွာတွင်းလမ်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးပြုလုပ်

ပိုင်ကျုံ နို၀င်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လော်ကော်ကျေးရွာတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် စီမံကိန်းလုပ်ငန်းခွဲ များ ဆောင်ရွက်ရန်အတွက် လော်ကော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က (ဒုတိယအကြိမ်) နည်းပညာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၊ လော်ကော်ကျေးရွာအုပ်စုတွင် ဆောင်ရွက်မည့် လုပ်ငန်းခွဲများမှာ ထောက်ပံ့ငွေ (၂၅,၆၀၀,၀၀၀) ကျပ်ဖြင့်  ရွာတွင်းမြေသားလမ်းခင်းခြင်း (အရှည် ၆၄၀၀ပေ x အကျယ် ၁၈ပေ x ထု ၁ပေ)၊ ထောက်ပံ့ငွေ (၁၁,၂၀၀,၀၀၀)ကျပ်ဖြင့် ကျောင်းခြံစည်းရိုး ကာရံခြင်း(အရှည် ၁၄၀၀ ပေ x အမြင့် ၅ ပေ) နှင့် လော်ကော်ကျေး ရွာအုပ်စု၊ တငေါကျေးရွာတွင် ထောက်ပံငွေ (၆,၆၀၀,၀၀၀) ကျပ်ဖြင့် ရွာတွင်းမြေသားလမ်းခင်းခြင်း (အရှည် ၁၁၀၀ပေ x အကျယ် ၁၆ပေ x ထု ၁ပေ)၊ ထောက်ပံ့ငွေ (၁၀,၀၀၀,၀၀၀) ကျပ်ဖြင့် ကျောင်းခြံစည်းရိုးကာရံခြင်း(အရှည် ၁၁၀၀ပေ x အမြင့် ၅ပေ) လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

အဆိုပါ (ဒုတိယအကြိမ်) နည်းပညာအစည်းအဝေးအား လော်ကော်ကျေးရွာအုပ်စု ကျေးရွာ(၅) ရွာမှ စီမံကိန်းအထောက် အကူပြုကော်မတီဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူးများနှင့် မြို့နယ် နည်းပညာအကြံပေး အဖွဲ့မှနယ်မြေတာဝန်ခံ ဦးနန္ဒထွန်းတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)