တွံတေး၌ မိုးစပါး CERP မျိုးသန့်မျိုးစေ့ထုတ် ရက်(၉၀)မျိုးစိုက်ခင်း အထွက်နှုန်းခန့်မှန်းနိုင်ရန် စံကွက် ရိတ်သိမ်း

တွံတေး နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှု အရ စိုက်ပျိုးဆောင်ရွက်လျက်ရှိသော ဧရာမင်းစပါး မျိုးစေ့ထုတ်စိုက်ခင်းများတွင် အထွက်နှုန်းခန့်မှန်း နိုင်ရန် စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်က ကလီထော်ကျေးရွာအုပ်စု၊ ကလီထော်ကျေးရွာ တောင်သူ ဦးစောရွှေမြင့် ပိုင်လယ်(၀.၁၀)ဧက၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ် ကလီထော်ကျေးရွာရှိ တောင်သူ ဦးစောရွှေမြင့်၏ ရက်(၉၀)စပါး မျိုးစေ့ထုတ် စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံ ​မြို့နယ်ဦးစီးမှူး ဦးခင်းမောင်ဦးနှင့် ဝန်ထမ်းများ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်း များ၊ ကလီထော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ ကစက်ယန္တယားဖြင့် ရိတ်သိမ်းခဲ့ ကြပြီး အနီးပတ်ဝန်းကျင် လယ်များမှ တောင်သူများ လာရောက်လေ့လာကြသည်။

တောင်ဦးစောရွှေမြင့်၏ မျိုးစေ့ထုတ်စိုက်ခင်းကို စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အခြောက် အထွက်နှုန်း (၇၅.၈၆)တင်းနှုန်း ထွက်ရှိကြောင်းနှင့် စပါးမျိုးစေ့ ထုတ်လုပ်ရာတွင် CERP မျိုးသန့် မျိုးစေ့ စပါးများ ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးကာ ရောဂါရအနှံများ ကင်းစင်မှသာ ရိတ်သိမ်းခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

မျိုးလှိုင်(တွံတေး)