လမိုင်း နိုဝင်ဘာ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့မော့ကနင်ကျေးရွာတွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ပဉ္စမအကြိမ် အဖြစ်ထောက်ပံ့ သည့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေများကို လမိုင်းမြို့ မော့ကနင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအင်းစိန်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၆၀၈) စုအား ယနေ့မနက်ပိုင်းက နေအိမ်အရောက် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော် အစိုးရ မှ ပထမအကြိမ်အဖြစ် စားသောက်ကုန်(၅)မျိုးကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေ သည် ပဉ္စမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေး မှူးထံမှ သိရသည်။
လမိုင်း (ပြန်/ဆက်)