ဝက်လက်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီစဉ်ဖြင့် စိုက်ပျိုးထားသော ရက် (၉၀) မိုးစပါး မျိုးစေ့ထုတ် စံပြကွက်ရိတ်သိမ်း

ဝက်လက် နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ် သာလိုင်း ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက (CERP)အစီစဥ်ဖြင့် စိုက်ပျိုးထားသော ရက် (၉၀) မိုးစပါး (၆ ပေဒသမ ၆ ပေ) ပတ်လည် မျိုးစေ့ထုတ် စံပြစိုက်ကွက် ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စံပြကွက် ရိတ်သိမ်းခြင်းကို လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများစိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ဆွေဆွေဌေး၊ ဒုလက်ထောက် ဦးစီးမှူး ဒေါ်သွဲ့သွဲ့နိုင်နှင့် တာဝန်ရှိသူများပူးပေါင်းကာ သာလိုင်းကျေးရွာ ကွင်းအမှတ် (၃၄၈၇) တောင်သူ ဦးစိန်မြင့်လှိုင် ၏ မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက် ( ၅) ဧက ၌  (၆ ဒသမ ၆ ပေ ) ပတ်လည် စံပြကွက် ရိတ်သိမ်းရာ အစိုထွက် ( ၁၃. ၂၅) ဗူးနှုန်း ထွက်ရှိသဖြင့်  တစ်ဧက ပျှမ်းမျှ အထွက်နှုန်း (၁၀၃. ၅၀)တင်း ထွက်ရှိကြောင်း၊ဝက်လက်မြို့နယ်အတွင်း CERPအစီအစဉ်ဖြင့်ရက်၉ဝ  မိုးစပါးစိုက်ဧက ၁ဝဝ၊ဧရာမင်း ဧက ၅ဝနှင့် ပေါ်ဆန်းရင်၁၄၅ဝ ဧကကို စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မှ လက်ထောက်ဦးစီးမှူး ဒေါ်ဆွေဆွေဌေးထံမှ သိရှိရပါသည်။

စိုးစိုးလှိုင် (ဝက်လက်)