လမ်းမတော်မြို့နယ် Quarantine Center သို့ မနက်စာ၊ နေ့လယ်စာနှင့်၊ ညနေစာ ထမင်းဘူးများအား အလှူရှင်များက လာရောက်လှူဒါန်း

လမ်းမတော် နိုဝင်ဘာ ၂၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က မနက်စာ၊ နေ့လယ်စာနှင့် ညနေစာ ထမင်းဘူး(၁၀၀)ဦးစာအား အလှူရှင်များက လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့သို့လှူဒါန်းရာတွင် မနက်စာ ခေါက်ဆွဲကြော်၊ ကြာဇံကြော် ဘူး(၁၀၀)အား ဦးသက်လွင်+ဒေါ်ခင်မြင့်စိန်၊ မြေးသရုပ်ဆောင် ကောင်းထက်သာ မိသားစုမှလည်းကောင်း၊ နေ့လယ်စာထမင်းဘူး (၁၀၀)ကို ဦးကျော်စွာထွန်း+ဒေါ်အေးဝင်းထွန်း၊ မိသားစုမှလည်းကောင်း၊ ညနေစာထမင်းဘူး(၁၀၀)နှင့် ငှက်ပျော်သီးများအား အမှတ်(၇၆)၊၅လွှာ၊ ဇလွန်လမ်း၊ စမ်းချောင်းမြို့နယ် ဒေါ်စန်းစန်းအေး(တောင်ကြီး)မိသားစုမှ လည်းကောင်း  လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် အထက(၁) Community Based Facility Quarantine Center နှင့် Anosmia Center လက(၁) မြမာလာတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

အေးမဥ္ဇူ (ပြန်/ဆက်)