ကြာအင်းဆိပ်ကြီးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံချေးငွေများ ထုတ်ချေး

ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၂၀

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ဆောင်းရာသီ သီးနှံပင်များ စိုက်ပျိုးမည့် ဒေသခံတောင်သူများအား မျိုးစိုက်ပျိုးစရိတ် မြေဩဇာများ အဆင်ပြေစွာ စိုက်ပျိုး သုံးစွဲနိုင်စေရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးဧက တစ်ဧကလျင် တစ်သိန်းခွဲနှုန်းဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်းသီးနှံထုတ်ချေးငွေများကို ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု(၄) အုပ်စု တောင်သူ(၁၄၃)ဦး စိုက်ပျိုးလျာထားဧက (၉၆၃) ဧက တစ်ဧကလျင် တစ်သိန်းခွဲနှုန်းဖြင့် ကျပ်သိန်း (တစ်ထောင့်လေးရာလေးသိန်း) ကျပ် ထုတ်ချေးသွားရန် လျာထားလျက်ရှိကြောင်း သိရသည်။

၎င်းဆောင်းသီးနှံချေးငွေများကို နိုဝင်ဘာလ(၁၁)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နိုဝင်ဘာလ (၂၀) ရက်နေ့အထိ ကျေးရွာအုပ်စု(၃) အုပ်စုမှ စိုက်ဧက(၃၀၁)ဧက ထုတ်ချေး ငွေကျပ်သိန်း (လေးရာငါးဆယ်တစ်သိန်းငါးသောင်း) ကျပ်အား ထုတ်ချေးပေးခဲ့ပြီး ထုတ်ချေးရန် ကျေးရွာအုပ်စုမှကျေးရွာနှစ်ရွာ စိုက်ဧက(၆၃၅)ဧက ထုတ်ချေးရန် ငွေကျပ်သိန်း (ကိုးရာ့ငါးဆယ်နှစ်သိန်းငါးသောင်း) ကျပ်သိန်း ကျန်ရှိလျက်ရှိပြီး အချိန်မီ ဆက်လက်ထုတ်ချေး ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဦးမင်းသက်စံ ထံမှ သိရသည်။

မျိုးမင်းဦး