တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Oxygen စက် လာ‌ရောက်လှူဒါန်း

တောင်တွင်းကြီး နိုဝင်ဘာ  ၂၀

မကွေးတိုင်းဒေသကြီး  တောင်တွင်းကြီးမြို့နယ်  ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ အလှူရှင်များက အောက်စီဂျင်စက် တစ်လုံးကို ယမန်နေ့နံနက်(၁၀)နာရီခွဲက လာ‌ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိမည့် သီးသန့်ဆောင် (ICU) တွင် ပိုးတွေ့လူနာများ အရေးပေါ်အောက်ဆီဂျင်ပေးကုသမှုလိုအပ်ပါက အချိန်နှင့်တပြေးညီ ဆောင်ရွက် နိုင်ရန်အတွက် ငွေကျပ် (၆၅၀၀၀၀) တန်ဘိုးရှိ အောက်စီဂျင် စက်တစ်လုံးကို အရှင်ဘဒ္ဒန္တ ကောဝိဒ (ကနေဒါ) ၏ သက်တော် (၇၅) နှစ်ပြည့် မွေးနေ့အတွက် ဒေါ်စန္ဒာမင်း (ရွှေခြ‌င်္သေ့မိသားစု) မခင်ဥမ္မာမောင် (ကနေဒါ) နိုင်ငံတို့မှ လာရောက်လှူဒါန်းရာ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး‌ဒေါ်သန်းမြင့်ကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)