ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းအခု (၂၅၀၀) အခမဲ့ဖြန့်ဝေပေး

ရွှေကျင် နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်၇ နာရီအချိန်မှစ၍ လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွှေကျင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း နှင့် ကုတင်(၁၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဝင်းတို့မှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ  ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ နှာခေါင်းစည်း အခု(၂၅၀၀)အား လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်မင်္ဂလာမုဒ်ဦး မြို့မဘောလုံး အားကစားကွင်းတွင် ယာယီဖွင့်လှစ်ထားသော ဈေးအရှေ့နှင့် ရွှေကျင်ချောင်းကူးတံတားထိပ်တို့တွင် ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)