ရွှေပြည်သာ နိုဝင်ဘာ ၂၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် နှာခေါင်းစည်း (Mask) ဝတ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာ ဈေးဖြစ်သည့် ထန်းခြောက်ပင် ပတ္တမြားဈေး နှင့် ထန်းခြောက်ပင်လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်များ ဝတ်ဆင်သွားလာရေး အသိပညာပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်နှင့် ဝန်ထမ်များ၊ ဌာနဆိုင်ရာများ၊ စည် ပင်သာယာရေး ဝန်ထမ်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင်များက လူစည်ကားရာ ဈေးဖြစ်သည့် ထန်းခြောက်ပင် ပတ္တမြားဈေး နှင့် ထန်းခြောက်ပင်လမ်းဆုံတို့တွင် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန်ဝေပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)