တာမွေမြို့နယ်ရှိ Community Based Facilities Quarantine Centre များအတွက် လိုအပ်နေ သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အလှူငွေများအား ပေးအပ်လှူဒါန်း

ရန်ကုန်      နိုဝင်ဘာ      ၂၀

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော Community  Based  Facilities Quarantine Centre များအတွက် လိုအပ်နေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးပစ္စည်း များ၊ စားသောက်ကုန်ပစ္စည်းများနှင့် အလှူငွေများအား ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်()အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့်  Community  Based  Facilities  Quarantine  Centre အုပ်ချုပ်မှုရုံးခန်း၌ ကျင်းပရာ Chatrium Hotel Royal Lake Yangon မှ အထွေထွေမန်နေဂျာနှင့် ဝန်ထမ်းများက ငွေကျပ် (၁၀၀၀၀၀၀/-) (ကျပ်ဆယ်သိန်းတိတိ)ကိုလည်းကောင်း၊ AWESOME 5, Family and Friends မှ တာဝန်ရှိသူများက ငွေကျပ် (၃၀၀၀၀၀/-) (ကျပ်သုံးသိန်းတိတိ)ကိုလည်းကောင်း၊ Nine COVID Team မှ တာဝန်ရှိသူများက Surgical Mask အဘူး(၅၀)Face Shield အခု(၅၀) KN95 Mask အမျိုးအစား အခု(၁၅၀) Alcohol Solution (၁၀)ဘူး၊ ကြက်ဥအလုံး (၆၀၀) ငါးသေတ္တာ (၁၀၀)ဘူး တို့အား ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေး နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ လှူဒါန်းရရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အလှူငွေများအား တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော Community  Based  Facilities  Quarantine Centre များ၌ လိုအပ်သည့် နေရာများတွင် ဖြည့်ဆည်း အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။                                                                                                                                                         

နိုင်လင်းအောင်(ပြန်/ဆက်)