အရာတော် နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများက ယမန်နေ့ နံနက်ပိုင်းကစတင်ကာ အရာတော်မြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူ(၁၀၈)ဦး၏ မိုးစပါးစိုက် ဧက(၂၆၀)အား GAP နည်းစနစ်နှင့် အညီ စိုက်ပျိုး ထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ယင်းသို့ စစ်ဆေးရာတွင် မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးတာ၀န်ခံ ဦးကိုလေး၊ ခရိုင်မျိုးစေ့တာ၀န်ခံ ဒေါ်နော်သင်းသင်းအေး၊ ခရိုင်မြေအသုံးချရေးတာ၀န်ခံ ဒေါ်မေရီကျော်၊ အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဒေါ်တင်တင်စိန်နှင့် တာ၀န်ကျ ၀န်ထမ်းများက အရာတော်မြို့နယ် အုပ် ရှင်းကြီး နည်းပညာပြန့်ပွားရေးစင်တာအတွင်းရှိ နေရာခင်းကျေးရွာအုပ်စု၊ အုပ်ရှင်းကြီးကျေးရွာအုပ်စု၊ အုပ်ရှစ်ကြီး ကျေးရွာအုပ်စုများတွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူ(၁၀၈)ဦး၏ မိုးစပါး စိုက်ဧက(၂၆၀)အား GAP နည်းစနစ်နှင့်အညီ စိုက်ပျိုးထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပြီး မျိုးကွဲပယ်ခြင်း၊ ဖြုတ်ပိုး ကျရောက်မှု အန္တရာယ် ကြိုတင်ကာကွယ်ခြင်းနည်းပညာပေးလုပ်ငန်းများနှင့် ဓါတု ဆေးများ လျော့ချအသုံးပြုရန်၊ သဘာ၀မြေသြဇာများ၊ သဘာ၀ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲကြရန် တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
နွယ်နီမြင့်