We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ မီးရထားရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၁၃၀) စုအတွက် စားသောက်ကုန်များ လိုက်လံ လှူဒါန်း

ရန်ကုန်  နိုဝင်ဘာ ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးကိစ္စများတွင် အခက်အခဲများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍  We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့သည် သိမ်ဖြူမီးရထားရပ်ကွက် အတွင်းရှိ အခြေခံ အိမ်ထောင်စု (၁၃၀)စုအတွက် အခြေခံစားသောက်ကုန်()မျိုးကို ယမန်နေ့ မွန်းလွဲ​ပိုင်းမှ စတင်ကာ အိမ်တိုင်ရာ ရောက်  လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင်များမှ လှူဒါန်းပေးထားသော အခြေခံစားသောက်ကုန်များထဲမှ အိမ်ထောင်စုတစ်စုလျှင်  ဆန်() ပြည်၊ ဆီ (၅၀) သားငါးသေတ္တာ () ဘူး၊ ခေါက်ဆွဲခြောက် () ထုပ်၊ ကြက်ဥ (၁၀) လုံး ပါဝင်သည့် စားသောက်ကုန် Package အစုံ (၁၂၀) အား သိမ်ဖြူမီးရထား ရပ်ကွက် အတွင်းရှိ  စားသောက်ရေးအခက်အခဲရှိသည့် အခြေခံအိမ်ထောင်စု (၁၃၀) စုအတွက် တစ်အိမ်ထောင် လျှင် Package တစ်စုံနှုန်းကို We Love Yangon ( Mingalar Taung Nyunt) ပရဟိတအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် အိမ်တိုင်ရာ ရောက် လိုက်လံလှူဒါန်းခဲ့ကြောင်း သိရသည်။ ယခုအကြိမ် လှူဒါန်းခြင်းသည်  ကိုဗစ်-၁၉ ဖြစ်ပွားစဉ် ကာလအတွင်း သိမ်ဖြူရထားရပ်ကွက်သို့ ဒုတိယအကြိမ်မြောက် လှူဒါန်းပေးခြင်းဖြစ်ပြီး မြို့နယ် အတွင်း ကျန်ရှိနေသေးသည့် အခြေခံမိသားစုများအတွက်လည်း ထပ်မံလှူဒါန်းနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း We Love Mingalar Taung Nyunt ပရဟိတအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)