ကျိုက်မ​ရော မြို့နယ်လူထုဗဟိုပြု စီမံကိန်းမိတ်ဆက်ခြင်းအလုပ်ရုံ​ဆွေး​ နွေးပွဲအား Video Conferencing စနစ်ဖြင့်​ ဆောင်ရွက်

ကျိုက်မ​ရော  နိုဝင်ဘာ  ၂၀  

စိုက်ပျိုး​ရေး၊​မွေးမြူ​ရေးနှင့် ဆည်​မြောင်းဝန်ကြီးဌာန၊ ကျိုက်မ​ရောမြို့နယ်​​ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာန၊ လူထု ဗဟိုပြုစီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံ​ဆွေး​​နွေးပွဲကို Video Conferencing စနစ်ဖြင့် ယ​နေ့ နံနက် ၁၀ နာရီခွဲခန့်က ​ကျိုက်မ​ရောမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ​အစည်း​အဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်​တော်ကိုယ်စားလှယ်​ဒေါ်ခင်မျိုးမြင့်၊မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကျော်မြင့်နှင့်ဌာနဆိုင်ရာများ၊လူမှု​ရေးအသင်းအဖွဲ့များ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မွန်ပြည်နယ်​စိုက်ပျိုး​​မွေးမြူ​ရေးနှင့် ပို့ဆောင်ဆက်သွယ်​ရေးဝန်ကြီးဦးထွန်း​ဌေးကအဖွင့် အမှာစကား​ပြောကြားပြီး ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ရုံးချုပ်မှဒုတိယညွှန်ကြား​ရေးမှူး ချုပ် ဦးသိန်းလွင်ကမိတ်ဆက်စကား​ပြောကြားခဲ့သည်။ ထို့​နောက်တက်​​ရောက်လာ​သော ကိုယ်စားလှယ် များကိုယ်စား ပြည်နယ်လွှတ်​တော်ကိုယ်စားလှယ်​ဒေါ်ခင်မျိုးမြင့်ကသိရှိလို​​သော​မေးခွန်းများကို မေးမြန်း ရာကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား​ရေးမှူးချုပ်​ဒေါ်ညိုညိုဝင်းက ပြန်လည်​ ဖြေကြားရှင်းလင်းခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်ကစီမံကိန်းပူး​ပေါင်း​ဆောင်ရွက်​နေမှုများကို ရှင်းလင်း​ ဆွေး​​နွေးပြီးစီ မံကိန်းအ​ကြောင်းဗီဒီယိုအား ​ကျေးလက်ဦးစီးဌာနရုံးချုပ် မှ ရှင်းလင်းပြသ​ရာတွင် စီမံကိန်း ၏ရည်ရွယ်ချက်များဖြစ်သည့် ဆင်းရဲနွမ်းပါး​သောကျေးလက်လူထုအ​​နေဖြင့်အ​ခြေခံလူမှု စီးပွားအ​ဆောက် အဦများနှင့်ဝန်​ဆောင်မှုများအားလူထုဗဟိုပြုစနစ်ကို ကျင့်သုံး၍ရယူသုံးစွဲနိုင် စေရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်​ကျေးလက် ပြည်သူလူထု၏ စွမ်း​​ဆောင်ရည်နှင့်အရည်အ​သွေးများကို မြှင့်တင်​​ပေးရန်၊ ဖြစ်​ပေါ်လာနိုင်​သော​ဘေးအန္တရာယ်များနှင့် အ​ရေး​ပေါ်အ​ခြေအ​နေများတွင်ထိ​ရောက်လျှင်မြန်စွာ တုန့်ပြန် နိုင်​စေရန်တို့ဖြစ်​ကြောင်း၊ အကျိုး ​ကျေးဇူးများအ​နေဖြင့် အဓိကအ​ခြေခံ အ​ဆောက်အဦများရရှိ​စေခြင်း၊မိမိ​​ကျေးရွာဖွံ့ဖြိုးရေးကို မိမိတို့ကိုယ်တိုင်စု​ပေါင်း​ဆောင်ရွက်တတ်လာခြင်း၊ ဒီမိုက​ရေစီနည်းလမ်းတကျ ဖွံ့ဖြိုး​ရေးလုပ်ငန်း ဆောင်ရွက်တတ် လာခြင်း၊​ ကျေးရွာတွင်လူထုအားလုံးပါဝင်​သော အကျိုးပြုလုပ်ငန်း​ ဆောင်ရွက်ခြင်း၊ ကျားမမခွဲခြားခြင်း အပါအဝင် ခွဲခြားမှုမရှိ​သောအသိုက်အဝန်းဖြစ်​ပေါ်ခြင်း၊ သဘာဝ ပတ်ဝန်း ကျင်နှင့် လူမှုအကာအကွယ်များသိရှိလိုက်နာတတ်ခြင်းစသည့်အကျိုး ​ကျေးဇူးများရရှိ​​ကြောင်း ရှင်းလင်းပြသခဲ့သည်။

အခမ်းအနားကို ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးအတွက် ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ​နေရာ နှစ်​နေရာခွဲ၍ စနစ်တကျ ​ဆောင်ရွက်ခဲ့​ကြောင်း​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနဦးစီးမှူးထံမှသိရသည်။

 

ချိုချို( ပြန်/  ဆက်)