မင်းကင်း နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ကျောက်အိုးကျေးရွာတွင် ကိုဗစ်-၁၉-ကပ်ရောဂါ ကြောင့် စီးပွားရေးထိခိုက်မှုအပေါ် သက်သာ ရေးစမံချက်(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး ဧရာမင်းစံပြကွက်ရိတ်သိမ်းခြင်းအား တောင်သူ ဦးခင်မောင်မြင့်၏ လယ်ကွင်းတွင် ယနေ့နံနက် (၁၀)နာရီ အချိန်ကဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ လက်ထောက်ဉီးစီးမှူး ဒေါ်ခင် သန်းနွယ်နှင့် ဝန်ထမ်းများ၊ တောင်သူများက ရိတ်သိမ်းခဲ့ရာ တစ်ဧကလျင် (၁၀၇)တင်း ထွက်ရှိပြီး ကိုဗစ်-၁၉ ကြောင့်စီးပွားရေးထိခိုက်မှုအပေါ် သက်သာရေး စီမံချက် CERP အစီ အစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ဧက (၄၆၂)စိုက်ပျိုးထားရှိ ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရှိရသည်။
မေသက်(ပြန်/ဆက်)