ဘီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် နေ့စားဝန်ထမ်းများအား ဆန်နှင့် ဆီ ရိက္ခာများ ထောက်ပံ့

ဘီးလင်း နိုဝင်ဘာ ၂၀

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်  ဘီးလင်းမြို့နယ် စည်ပင်သာယာရေး  ဝန်ထမ်းများနှင့် နေ့စား လုပ်သား များအား  ဆန်နှင့်ဆီ ရိက္ခာများ   ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်   စည်ပင် သာယာရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်  စည်ပင်သာယာရေးအဖွဲ့ရုံးတွင် အရာထမ်း ၂ ဦး၊  အမှုထမ်းဝန်ထမ်း ၂၈ ဦးနှင့်  နေ့စားလုပ်သား  ၅၆   ဦးရှိပြီး   အဆိုပါ ဝင်ထမ်းများအား   ကိုဗစ် - ၁၉   ကာလအတွင်း  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ပံ့ပိုးစီစဉ်မှုဖြင့်   ဝန်ထမ်းတစ်ဦးလျှင် ဆန်  ၆  ပြည်တစ်အိတ် နှင့်ဆီ ၂ လီတာ ၁ ဘဗူးနှုန်းဖြင့် စုစုပေါင်း ဆန် ၈၆ အိတ်နှင့် ဆီ ၈၆ ဗူးတန်ဖိုးငွေကျပ်၁၂၂၉၈၀၀ တို့ကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းသန်းစိုးက ဝန်ထမ်းများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)