ရန်ကုန် နိုဝင်ဘာ ၂၀
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်း အမှတ် “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ကာတွန်းပြိုင်ပွဲအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
အဆိုပါကာတွန်းပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ်၏ သာယာလှပမှုများ၊ အေးချမ်းပျော်ရွှင်မှုများ၊ ကြည်နူး ဝမ်းမြောက်ဖွယ်ရာများ၊ နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ် အလာကြီးမား ခဲ့မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန် လိုအပ်ပုံများ စသည်တို့ကို ဖော်ညွှန်းရေးဆွဲထားသည့် ကာတွန်းများဖြင့် ပါဝင်ယှဉ်ပြိုင်ရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၉) ရက်မှ နိုဝင်ဘာလ (၁၆) ရက်နေ့အထိ ဖိတ်ခေါ်ခဲ့ရာ ပညာရှင်၊ ဝါသနာရှင် (၄၈) ဦးက ပြိုင်ပွဲဝင်ကာတွန်း (၄၈) ပုံကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲဝင်ကာတွန်းများကို စိစစ်အကဲဖြတ်ရွေးချယ်ခြင်းအား ယနေ့ မွန်းလွဲ (၂) နာရီအချိန်တွင် ရန်ကုန် တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမ (Recreation Center) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ကာတွန်း ပညာရှင်များက ပြိုင်ပွဲဝင်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အကဲဖြတ်စိစစ်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု (၅) ဆုကို ရွေးချယ်ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်း/ ဓာတ်ပုံ - အောင်မြင့်