သနပ်ပင်၊ နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာပညာဦးစီးဌာနတို့ ပူပေါင်း၍ Stay at home နေထိုင်ကြသော ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး အားကစားဝါသနာပါသော လူငယ်လူရွယ်များ ကျန်းမာရေးလိုက်စားသူများ လိုက်ပါဆောင်ရွက် နိုင်ရေးကို ရည်ရွယ်၍ လှုပ်လှုပ်ရှားရှား အားကစားအစီအစဉ်အား Online မှ တစ်ဆင့် ယနေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမ၌ တင်ဆက်ပေးခဲ့သည်။
သနပ်ပင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် ရပ်ကွက်/ကျေးရွာများရှိ လူငယ်များ အားကစားနှင့်ပတ်သက်၍ စိတ်ပါဝင်စားပြီး အားကစားတွင် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ် အတွင်း ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်လိုစိတ်ရှိလာအောင်၊ လူငယ်များ အားကစားအလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ပြိုင်ပွဲများကတော့ နစ်စဉ်ကျင်းပပေးလျက်ရှိပြီး ယခုအချိန်မှာ ကိုဗစ်-၁၉ ရောဂါ ပျံနှံ့မှု များလာတာကြောင့် အားကစားပြိုင်ပွဲများ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း၊ ကိုဗစ်ကာလပြီးဆုံးသည့် အခါ မြို့နယ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ပြုလုပ်ပေးမှာဖြစ်ကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေ ပြောကြားခဲ့ကြောင်း သိရှိရသည်။
လှမိုး(သနပ်ပင်)