ဂန့်ဂေါ နိုဝင်ဘာ ၂၁
ဂန့်ဂေါခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၂၀) ကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုက အမှာစကားပြောကြားပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ဖြူ က (၅/၂၀၂၀) အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြု ဖတ်ကြားသည်။
ထို့နောက် အစည်းအဝေးတွင် တင်ပြချက်များအပေါ် တက်ရောက်လာကြသူများက အမှုတွဲ တစ်ခုစီ အလိုက် ဆွေးနွေးကြကြောင်း သိရသည်။
တောင်သားမောင်သန်း