ဒေါပုံမြို့နယ်တွင် Mobile Library နယ်လှည့်စာငှားလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ဒေါပုံ စက်တင်ဘာ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် လွယ်ကူစွာဖြင့် စာအုပ်စာပေများ ငှားရမ်းဖတ်ရှုနိုင်ရန်ရည်ရွယ်၍ Mobile Library နယ်လှည့်စာငှားလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိသည့် မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများအား သုတ၊ ရသ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြသည်။ ဒေါပုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Mobile Library နယ်လှည့်စာငှားလုပ်ငန်းကို ရက်သတ္တပတ် ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)