လိပ်သိုမြို့ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြု လူနာ (၁) ဦး ဆင်းခွင့်ရ

လိပ်သို  နိုဝင်ဘာ ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တိုက်နယ် ဆေးရုံ ဓာတ်မှန်ဆောင် သီးသန့်ခန်းတွင် ကုသနေသော ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ တစ်ဦးဖြစ်သည့်  သကွဲပလို (အလယ်) ကျေးရွာမှ အမျိုးသမီးသည်  ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက  ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မိမိကျေးရွာတွင် (Home Quarantine) အဖြစ် (၇) ရက် ဆက်လက်နေထိုင်သွားရန်နှင့် ကျန်းမာရေးဌာနက ညွှန်ကြားချက်နှင့်အညီ နေထိုင်ရန် လိပ်သိုတိုက်နယ် ဆရာဝန် ဒေါက်တာဇေယျာဦးက မှာကြားခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ  အမျိုးသမီးကို  လိပ်သိုမြို့ ပရဟိတ လူမှုကူညီရေးအသင်းမှ ၎င်းတို့ နေအိမ်သို့ လိုက်လံပို့ဆောင်ခဲ့ ကြောင်း သိရသည်။

လိပ်သိုမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ အမျိုးသမီးသည် ရန်ကုန်မှ ပြန်လာသူဖြစ်ပြီး နို၀င်ဘာ ၂၀ ရက်နေ့တွင် ကျန်းမာရေးကောင်းမွန်စွာဖြင့် တိုက်နယ် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သောကြောင့် လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ  မရှိကြောင်း သတင်းရရှိသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)