ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် အဆောက်အဦဖွင့်ပွဲ ကျင်းပ

ပွင့်ဖြူ      နိုဝင်ဘာ        ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် အဆောက်အဦဖွင့်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက အဆိုပါ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသစ် အဆောက်အဦတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်ရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်တဉ္ဇာစိုး(တဉ္ဇာစိုး)နှင့် ရုံးဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ များနှင့် မြို့မိမြို့ဖများက ပင့်သံဃာဆရာတော်ကြီး(၅)ပါးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရတ်တရားများ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချအမျှအတန်းများ ပေးဝေခဲ့ကြသည်။

မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံသစ်အား ပွင့်ဖြူမြို့၊ သက်တော်ရှည် ရပ်ကွက်တွင် ဆောက်လုပ်ခြင်းဖြစ်ကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စုဘတ်ဂျတ် ၄၈ ဒသမ ၆၁ ကျပ်သန်းဖြင့် အလျား ၄၂ ပေ ၊ အနံ ၅၈ ပေ ၊ အမြင့် ၁၂ ပေ အာရ်စီတစ်ထပ် တည်ဆောက်ခြင်းဖြစ်ပြီး ဆန်းသစ်အောင်လှိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )