မြောက်ဥက္ကလာပ နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် We Love Yangon North Okkalapa လူထုအခြေပြု ပရဟိတအသင်းအား အလှူရှင်များမှ အလှူငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ဦးတင်နိုင်၊ ဒေါ်ရီရီထွေး (လှိုင်သာယာ FMI City)မိသားစုမှ ငွေကျပ်(၃) သိန်း၊ ဦးသက်ဦး၊ ဒေါ်သီတာ(ဝေဘာဂီ)မိသားစုမှ ငွေကျပ် (၃)သိန်း၊ ဦးဝင်းကိုကိုလတ်၊ ဒေါ်အေးအေးမော် (ဦးသောင်းစိန်ဆေးတိုက်)မိသားစုမှ ငွေကျပ်(၃)သိန်းနှင့် ဦးဌေးမြင့်(ဥတ္တရ) မိသားစုမှ ငွေကျပ်(၂)သိန်း လှူဒါန်းရာ We Love Yangon North Okkalapa ပရဟိတအသင်းမှ လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသင်းအနေဖြင့် မြို့နယ်အတွင်းဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ် စောင့်ကြည့်နေရာများသို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူ၊ သံသယရှိသူများကို ပို့ဆောင်ပေးခြင်း၊ ရောဂါမရှိသူများကို နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်း၊ "ပြည်သူများထံမှ ပြည်သူထံသို့ မျှဝေရေး" အစီအစဉ်ဆောင်ရွက်နေခြင်း ကြောင့် အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉-၉၇၅၈၉၇၈၅၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)