ကြည့်မြင်တိုက်မြို့နယ် ထီးတန်းစျေးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပေး နှိုးဆော်ခြင်းနှင့် Mask and Face Shield Campaign ပြုလုပ်

ကြည့်မြင်တိုင်   နိုဝင်ဘာ     ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထီးတန်း စျေးတစ်လျှောက်တွင် mask တပ်ဆင်ပြီးသွားလာကြရန်၊ (COVID -19)ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရန် အသိပေးခြင်းနှင့် Mask and Face Shield Campaign  များ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးဇာနည်ဝင်း ၊   မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဆရာမများ၊ ခရိုင်ဈေးများဌာန ဌာနခွဲမှူး၊ ဌာနစုမှူး၊ ထီးတန်းဈေး တာဝန်ခံ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်ပရဟိတ အဖွဲ့များမှ ပူးပေါင်း၍ ဈေးအတွင်း ရောင်းသူ ၀ယ်သူ လုပ်သားများအား  mask and face shield များ၊ ပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်း၊ လိုက်နာရမည့်ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များ နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)