ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ခြင်း ဆိုင်ရာကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် Mask Campaign ဆောင်ရွက်

ပေါက်ခေါင်း    နိုဝင်ဘာ   ၂၁

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် Mask နှင့် Face Shield Campaign ကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိမ့်သိမ့်ထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် အခြားဌာန အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လျက် ပေါက်ခေါင်းမြို့ မြို့မဈေးကြီးနှင့်မြို့လယ် လူစည်ကားရာ နေရာများရှိ ဈေးရောင်းဈေးဝယ်များနှင့် လမ်းသွားလမ်းလာများကို နှာခေါင်းစည်း Mask နှင့် Face Shield များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် လိုက်နာရမည့်အချက်များကို Hand Speaker ဖြင့်အသိပေးကြေညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။‌‌

ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် နိုဝင်ဘာ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ(၇)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)