ရွှေတောင်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရွှေတောင် နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့မဈေးတွင် ပြုလုပ်ခဲ့ကြသည်။

ရွှေတောင်မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်သူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် -၁၉ ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ၊ လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများ စည်းကမ်းချက်များကို ရှင်းလင်းဟောပြောခြင်း၊ Mask များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ သည်။

အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုကူညီရေးအသင်းအဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)