လှိုင်းဘွဲ နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် World Vision Myanmar အဖွဲ့တို့ ပူးပေါင်း၍ (၃၁)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့က သမ္ဘာန်ကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ကွမ်တာကျေးရွာနှင့် သာယာကုန်း ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်စန်းမြင့်က နိုင်ငံ၏ အနာဂတ်၊နိုင်ငံ၏ မျှော်လင့်ချက်သည် ကလေးငယ်များအပေါ် မူတည်သည်ဖြစ်တဲ့အတွက် ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ဖို့၊ အခွင့်အရေးများ ဖြည့်ဆည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး World Visoion Myanmar မှ စီမံကိန်းတာဝန်ခံ ဒေါ်ခိုင်ယဉ်နုက ကမ္ဘာ့ကလေးငယ်များနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် ဟူသော ရသင့်ရထိုက်သော ကလေးသူငယ်အခွင့်အရေး(၄)မျိုး၊ ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ထို့နောက် ကျောင်းသား/ကျောင်းသူများအား (၃၁)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို စိတ်ပါဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)